နွေကန္တာ မြကတ္တီပါလမ်းမှသည် မဟာရံတံတိုင်းဆီသို့

by

Rate this book:

About This Book

မဟာရံတံတိုင်းကို ဖြတ်‌ကျော်ခြင်း(Review)

‎ဝက်သစ်ချမြိုင်ကို ရောက်ဖူးချင်တယ်... ။ စိမ်းဖန့်ဖန့် မြက်ခင်းပြင်ကြီးရယ်၊ မျှော်မဆုံးတဲ့ ထင်းရှူးတောရယ်၊ နောက်...အစီအညီတန်းနေတဲ့ ဝက်သစ်ချပင်အိုတန်း‌တွေရယ်ကို ကျော်ဖြတ်လိုက်ရင် ရှေးဟောင်းဂရိလက်ရာနဲ့ဆောက်ထားတဲ့ ဝက်သစ်ချမြိုင်ကိုရောက်ပြီပေါ့...။

ဝါတွေပွင့်ရင် ဘယ်လောက်လှလိုက်မလဲ။  ‎ရေညှိစိမ်းတွေတက်နေတဲ့ ဝက်သစ်ချပင်စည်တုတ်တုတ်ကြီးတွေကရော ဘယ်လောက် ကြံ့ခိုင်လိမ့်မလဲ၊ ဘယ်လောက် ကာကွယ်ပေးနိုင်မလဲ....။ ပြီးတော့ ဘယ်လောက်တောင် ခမ်းနားလိုက်မလဲ။ လန်းမိသားစုရဲ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ပေါ့။

‎ဒီပုံပြင်ထဲမှာတော့ အပ္ပဂျွန်းမိသားစုက တိုးတက်နေချိန်ပေါ့။သားသမီးတွေကို ကောလိပ်ကျောင်းထားရင်း စီးပွားရေး၊ လူမှုရေးပါမကျန် အစစအရာရာ တိုးတက်ပြောင်းလဲနေပေမယ့် မပြောင်းလဲတဲ့အရာကတော့ အပ္ပဂျွန်းမိသားစုရဲ့ မျိုးဆက်အလိုက် ကြီးပွားအောင်မြင်ချင်စိတ်နဲ့ မဆုတ်မနှစ်တဲ့ ဇွဲလုံ့လပါပဲ။ ဒါပေမယ့် အပ္ပဂျွန်းမိသားစုနဲ့ ဆန့်ကျင်ဖက် ကပြောင်းကပြန်မှာတော့ လန်းမိသားစုရှိနေလေရဲ့...။

တချိန်က လန်းမိသားစုဟာ ရွှေထီးဆောင်းခဲ့သလောက် ခုချိန်မှာတော့ အကြွေးပတ်လည်ဝိုင်း မြေရောအိမ်ပါမချန် ပေါင်နှံထားရတဲ့ အခြေအနေ...။

‎အမေရိကန်မှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း စစ်ပြီးကာလဖြစ်နေလေတော့ အရင်းရှင်နဲ့ လူဖြူဆင်းရဲသားဆက်ဆံရေး အများကြီးပြောင်းလဲခဲ့ပြီးဖြစ်တယ်။ ဒီအချိန်မှာမှ ဆုံတွေလေသူနှစ်ယောက်က ကိုရီမေအပ္ပဂျွန်းရဲ့မြေး အယ်လီနာအပ္ပဂျွန်းနဲ့ အန်းရှာရမီရဲ့မြေး ကတ်စတာလန်း... ။

‎အယ်လီနာဟာ စိတ်ကြီးသလောက် ထက်မြက်တယ်၊ ဉာဏ်ပညာနဲ့ ပြည့်စုံတယ်၊ အရာရာကို စဉ်းစားဆင်ခြင်ရင်း သေချာစနစ်တကျ လုပ်တတ်တဲ့သူဖြစ်တယ်။ သိုပေမယ့် ကတ်စတာဟာတော့ ခပ်ပွေပွေ ခပ်ပေါ့ပေါ့လူငယ်တယောက်... ၊ ဝက်သစ်ချမြိုင် အကြွေးနွံနစ်ရတဲ့ တရားခံ။ အယ်လီနာမှာ ဇွဲရှိရှိကြိုးစားသလောက် ကတ်စတာဟာတော့ လုံ့လရော ဝီရိယပါမရှိ။

‎အချစ်မှာ မျက်စိမရှိဘူးလို့ဆိုရင် အချစ်ဟာ ဦးနှောက်ကိုပါပျက်စီးစေနိုင်တယ်လို့ပြောရင် လွန်ရာကျမယ်မထင်ပါဘူး။ အယ်လီနာဟာ သက်သေပေါ့။ ဒီလိုခပ်ရှုပ်ရှုပ်လူငယ်ကိုမှ နှလုံးသားကြီးပေးပြီး ချစ်မိတယ်တဲ့လေ။ နှစ်ဦးနှစ်ဘက် အလွှာချင်းကွာ၊ ဘဝနောက်ခံ သမိုင်းနောက်ခံတွေပါ မတူကြလေတော့ နှစ်ဖက်မိဘတွေက ကန့်ကွက်ကြလေတယ်။ ဒီအချိန် အချစ်သူရဲကောင်းနှစ်ယောက်ကတော့ ကတ်စတညနဲ့ အယ်လီနာပဲပေါ့။

‎ဒီလိုနဲ့ လက်ထပ်ပြီး နှစ်ဦးသားပျော်ပျော်ရွှင်ရွှင်နေရမယ်ကြံကာရှိသေး၊ သမီးလေးမွေးပြီးကာမှ အကြွေးတွေဟာ နှိပ်စက်လာလေတယ်။ သို့ပေမယ့် ခင်ပွန်းကိုချစ်တဲ့ အယ်လီနာဟာ အကြွေးတွေဆပ်ဖို့ ဝါစိုက်ခင်းအလုပ်တွေကို လင်တော်မောင်နဲ့ မနားမနေကြိုးစားရင်း မောင်တထမ်း မယ်တရွက်ဆိုတဲ့ စကားကို အလုပ်နဲ့သက်သေပြသတဲ့။

‎စစ်ဆိုတဲ့အရာဟာ အရာအားလုံးကြိ ဖျက်ဆီးဖို့ နတ်ဘုရားတွေဖန်ဆင်းပေး‌လိုက်တဲ့ အရာမဟုတ်ပါလား။ ဝါဂွမ်းဈေးတွေ တရိပ်ရိပ်ထိုးကျရင်း နောက်ဆုံး ဝါအရောင်းအဝယ်ပါ ရပ်ဆိုင်းသွားတဲ့အချိန် ဝါနဲ့အသက်ဆက်နေရတဲ့ ဝက်သစ်ချမြိုင်ဟာ အကြွေးနဲ့အသိမ်းခံရဖို့ လက်မတင်ကလေးသာလိုတယ်။ ဒီအချိန် ကတ်စတာလန်းဟာလည်း စစ်သွေးစစ်မာန်တွေဝင့်ပြီး ဇနီးကိုရော အကြွေးတွေကိုပါ မျက်ကွယ်ပြုရင်း စစ်ထဲဝင်သွားလေတော့....။

‎ဒီစာအုပ်ကတော့လေ ဘယ်အချိန်ဖတ်ဖတ် နောင်တမရစေမယ့် စာအုပ်ပါပဲ။ သမိုင်းနောက်ခံ မျိုးရိုးနောက်ခံဝေဝေဆာဆာနဲ့ ရေးသားထားပြီး ဒုက္ခရောက်ချိန်မှာ ထားမသွားတဲ့ ဇနီးသည်ရဲ့အချစ်၊ ဒုက္ခ‌တွေကို ဖြတ်ကျော်ကြပုံတွေကို ကြည်နူးဖွယ်၊ ဆွတ်ပျံ့ဖွယ်၊ ကြေကွဲရင်နင့်ဖွယ်ရေးသားထားတဲ့အပြင် ဝက်သစ်ချမြိုင်ရဲ့ ပုံရိပ်ကို တရေးရေးမြင်ယောင်လာအောင် ရေးသားထားလို့ ဆရာမဂွင်ဘရစ္စတိုရဲ့အရေးအသားကို အံ့ဩရင်း ဘာသာပြန်သူ ဆရာတင်မောင်မြင့်ရဲ့ အံ့မခန်းစွမ်းရည်ကိုပါ ချီးကျူးရတဲ့ စာအုပ်ဖြစ်တာမို့....။

‎-မဟာရံတံတိုင်းကို ဖြတ်ကျော်ခြင်း
-တင်မောင်မြင့်

#review_by_NuNu

Buy This Book

As an Amazon Associate and Bookshop.org affiliate, BookOrb earns from qualifying purchases.

Write a Review

Sign in to write a review.